Ligue1

ဆော်ဒီကို လာပြီး ရော်နယ်လ်ဒိုနဲ့ ပူးပေါင်းနိုင်ဆဲဖြစ်တဲ့ မက်ဆီ

ပီအက်စ်ဂျီတိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဆော်ဒီ ပရိုလိဂ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပူးပေါင်းနိုင်ဆဲဖြစ်တယ်လို့ သိရပါတယ်။

အာဂျင်တီးနားဂန္တဝင်ဟာ ပီအက်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဖို့ ဆွေးနွေးနေခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Sky Sports News ရဲ့ ဖော်ပြချက်အရ ဆော်ဒီ ပရိုလိဂ်ဟာ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးကို လာမယ့် နွေရာသီ သို့မဟုတ် အနာဂတ်မှာ ခေါ်ယူနိုင်ခြေရှိတယ်လို့ ပြောကြားခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဆော်ဒီ အာရေဗျဟာ စီးပွားရေးအရနဲ့ ဘဏ္ဍာရေးပိုင်းအရ ၎င်းတို့ရဲ့ ရည်မှန်းချက်ကို ပြည့်မြောက်အောင် လုပ်ဆောင်နိုင်တယ်ဆိုတာကို သက်သေပြသချင်နေပြီး ဆော်ဒီ ပရိုလိဂ်ဟာ ၎င်းတို့ရဲ့လိဂ်ကို ‘အိပ်မက်သစ်တွေရဲ့လိဂ်’အဖြစ်နဲ့ ဈေးကွက်မြှင့်တင်နေတာ ဖြစ်ပါတယ်။ ဆော်ဒီ အာရေဗျရဲ့ ၂၀၃၀ မျှော်မှန်းချက် ကြေညာစာတမ်းဟာ ကဏ္ဍပေါင်းစုံမှာ စံနမူနာအဖြစ်နဲ့ နိုင်ငံများကို ဦးဆောင်နိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

အယ်လ် ဟီလာလ်အသင်းဟာ အပြောင်းအရွှေ့ပိတ်ဆို့မှုပြစ်ဒဏ်ကြောင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ၎င်းတို့ရဲ့ အဓိကပြိုင်ဘက် အယ်လ် နက်ဆာအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

အယ်လ် ဟီလာလ်ဟာ ရော်နယ်လ်ဒိုရဲ့ ကာလရှည် ပြိုင်ဘက် လီယွန်နယ် မက်ဆီကို ခေါ်ယူချင်နေပြီး အာဂျင်တီးနားကြယ်ပွင့်ကို တစ်နှစ်လုပ်ခလစာ ပေါင်သန်း ၂၀၀ နဲ့ ကမ္ဘာပေါ်က လစာအမြင့်မားဆုံးကစားသမားဖြစ်လာအောင် ပြုလုပ်ပေးချင်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကလည်း ဘာစီလိုနာကြယ်ပွင့်ဟောင်းနဲ့ ပြောဆိုဆွေးနွေးခဲ့ပြီးနောက် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ယုံကြည်ချက်ရှိနေပြီး လီယွန်နယ် မက်ဆီဟာ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ ၂ နှစ်စာချုပ်ကို ၂၀၂၁ ခုနှစ်မှာ ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီတိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ ေဆာ္ဒီ ပ႐ိုလိဂ္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ပူးေပါင္းႏိုင္ဆဲျဖစ္တယ္လို႔ သိရပါတယ္။

အာဂ်င္တီးနားဂႏၲဝင္ဟာ ပီအက္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔ ေဆြးေႏြးေနခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီရဲ႕ လက္ရွိ စာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း Sky Sports News ရဲ႕ ေဖာ္ျပခ်က္အရ ေဆာ္ဒီ ပ႐ိုလိဂ္ဟာ အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို လာမယ့္ ေႏြရာသီ သို႔မဟုတ္ အနာဂတ္မွာ ေခၚယူႏိုင္ေျခရွိတယ္လို႔ ေျပာၾကားျခင္းခံခဲ့ရတယ္လို႔ သိရပါတယ္။

ေဆာ္ဒီ အာေရဗ်ဟာ စီးပြားေရးအရနဲ႔ ဘ႑ာေရးပိုင္းအရ ၎တို႔ရဲ႕ ရည္မွန္းခ်က္ကို ျပည့္ေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္တယ္ဆိုတာကို သက္ေသျပသခ်င္ေနၿပီး ေဆာ္ဒီ ပ႐ိုလိဂ္ဟာ ၎တို႔ရဲ႕လိဂ္ကို ‘အိပ္မက္သစ္ေတြရဲ႕လိဂ္’အျဖစ္နဲ႔ ေဈးကြက္ျမႇင့္တင္ေနတာ ျဖစ္ပါတယ္။ ေဆာ္ဒီ အာေရဗ်ရဲ႕ ၂၀၃၀ ေမွ်ာ္မွန္းခ်က္ ေၾကညာစာတမ္းဟာ က႑ေပါင္းစုံမွာ စံနမူနာအျဖစ္နဲ႔ ႏိုင္ငံမ်ားကို ဦးေဆာင္ႏိုင္ဖို႔ ရည္မွန္းထားတာ ျဖစ္ပါတယ္။

အယ္လ္ ဟီလာလ္အသင္းဟာ အေျပာင္းအေ႐ႊ႕ပိတ္ဆို႔မႈျပစ္ဒဏ္ေၾကာင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေခၚယူႏိုင္ျခင္းမရွိခဲ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ၎တို႔ရဲ႕ အဓိကၿပိဳင္ဘက္ အယ္လ္ နက္ဆာအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

အယ္လ္ ဟီလာလ္ဟာ ေရာ္နယ္လ္ဒိုရဲ႕ ကာလရွည္ ၿပိဳင္ဘက္ လီယြန္နယ္ မက္ဆီကို ေခၚယူခ်င္ေနၿပီး အာဂ်င္တီးနားၾကယ္ပြင့္ကို တစ္ႏွစ္လုပ္ခလစာ ေပါင္သန္း ၂၀၀ နဲ႔ ကမာၻေပၚက လစာအျမင့္မားဆုံးကစားသမားျဖစ္လာေအာင္ ျပဳလုပ္ေပးခ်င္ေနတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းကလည္း ဘာစီလိုနာၾကယ္ပြင့္ေဟာင္းနဲ႔ ေျပာဆိုေဆြးေႏြးခဲ့ၿပီးေနာက္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ဖို႔ ယုံၾကည္ခ်က္ရွိေနၿပီး လီယြန္နယ္ မက္ဆီဟာ တစ္ႏွစ္သက္တမ္းတိုးခြင့္ပါဝင္တဲ့ ၂ ႏွစ္စာခ်ဳပ္ကို ၂၀၂၁ ခုႏွစ္မွာ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.