La Liga Premier League

လီဗာပူးလ်ကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုကို ၂၀၂၃-၂၀၂၄ ရာသီမတိုင်ခင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာမီနိုဟာ ၂၀၁၅ ခုနှစ် နွေရာသီမှာ ဟော့ဖန်ဟိမ်းကနေ ပေါင် ၂၉ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ယာဂန် ကလော့ပ်ရဲ့ အသင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းကို ဆုဖလား ၇ လုံးအထိ ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ဖာမီနိုရဲ့ အန်းဖီးက စာချုပ်သက်တမ်းဟာ ယခုလာမယ့် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဥရောပကလပ်အသင်းအများအပြားနဲ့ ဆော်ဒီ အာရေဗျက အသင်းတွေကတောင် စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

Defensa Central ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ ဖာမီနိုရဲ့ စာချုပ်အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး လာမယ့်နွေရာသီမှာ ဘော့စမန်အပြောင်းအရွှေ့နဲ့ အရခေါ်ယူသွားချင်တဲ့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီဟာ အားထားရတဲ့ ဘရာဇီးလ်တိုက်စစ်မှူးကို နှစ်သက်သဘောကျသူဖြစ်ပြီး အဲဒီအပြင် လာလီဂါထိပ်သီးအသင်းကြီးဟာ ယခုရာသီကုန်မှာ မာရီယာနို ဒီယက်ဇ်က အသင်းကို စွန့်ခွာဖွယ်ရှိနေတာကြောင့် ဘန်ဇီးမားရဲ့နေရာမှာ ဖြည့်ကစားပေးနိုင်မယ့် အတွေ့အကြုံရှိ တိုက်စစ်မှူးကို အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ရှာဖွေနေတာဖြစ်ပါတယ်။

ကာရင် ဘန်ဇီးမားရဲ့ မကြာသေးမီက ဒဏ်ရာပြဿနာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်တိုက်စစ်မှူးကို ခေါ်ယူဖို့ မဖြစ်မနေ ကြိုးပမ်းသွားရဖို့ ဖြစ်လာပြီး တစ်ဆက်တည်းမှာပဲ ကလော့ပ်ရဲ့အသင်းဟာ ဖာမီနိုနဲ့ စာချုပ်သက်တမ်းတိုးဖို့ ပြောဆိုမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ၂၀၂၅ ခုနှစ် ဇွန်လအထိ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် တွန်းအားပေးနေတယ်လို့ Sky Sports သတင်းထောက် ဖလိုရီယန် ပလက်တန်ဘာ့ဂ်က ပြောကြားခဲ့ပါတယ်။

ရောဘတ်တို ဖာမီနိုဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၄၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၀၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇၈ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းဟာ လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး ေရာဘတ္တို ဖာမီႏိုကို ၂၀၂၃-၂၀၂၄ ရာသီမတိုင္ခင္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဖာမီႏိုဟာ ၂၀၁၅ ခုႏွစ္ ေႏြရာသီမွာ ေဟာ့ဖန္ဟိမ္းကေန ေပါင္ ၂၉ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ယာဂန္ ကေလာ့ပ္ရဲ႕ အသင္းအတြက္ အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ခု ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ လီဗာပူးလ္အသင္းကို ဆုဖလား ၇ လုံးအထိ ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး ဖာမီႏိုရဲ႕ အန္းဖီးက စာခ်ဳပ္သက္တမ္းဟာ ယခုလာမယ့္ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ဥေရာပကလပ္အသင္းအမ်ားအျပားနဲ႔ ေဆာ္ဒီ အာေရဗ်က အသင္းေတြကေတာင္ စိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။

Defensa Central ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္ဟာ ဖာမီႏိုရဲ႕ စာခ်ဳပ္အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး လာမယ့္ေႏြရာသီမွာ ေဘာ့စမန္အေျပာင္းအေ႐ႊ႕နဲ႔ အရေခၚယူသြားခ်င္တဲ့ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပ အန္ဆေလာ့တီဟာ အားထားရတဲ့ ဘရာဇီးလ္တိုက္စစ္မႉးကို ႏွစ္သက္သေဘာက်သူျဖစ္ၿပီး အဲဒီအျပင္ လာလီဂါထိပ္သီးအသင္းႀကီးဟာ ယခုရာသီကုန္မွာ မာရီယာႏို ဒီယက္ဇ္က အသင္းကို စြန႔္ခြာဖြယ္ရွိေနတာေၾကာင့္ ဘန္ဇီးမားရဲ႕ေနရာမွာ ျဖည့္ကစားေပးႏိုင္မယ့္ အေတြ႕အႀကဳံရွိ တိုက္စစ္မႉးကို အေျပာင္းအေ႐ႊ႕ေဈးကြက္ထဲမွာ ရွာေဖြေနတာျဖစ္ပါတယ္။

ကာရင္ ဘန္ဇီးမားရဲ႕ မၾကာေသးမီက ဒဏ္ရာျပႆနာေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းဟာ လီဗာပူးလ္တိုက္စစ္မႉးကို ေခၚယူဖို႔ မျဖစ္မေန ႀကိဳးပမ္းသြားရဖို႔ ျဖစ္လာၿပီး တစ္ဆက္တည္းမွာပဲ ကေလာ့ပ္ရဲ႕အသင္းဟာ ဖာမီႏိုနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ေျပာဆိုမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ၂၀၂၅ ခုႏွစ္ ဇြန္လအထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ တြန္းအားေပးေနတယ္လို႔ Sky Sports သတင္းေထာက္ ဖလိုရီယန္ ပလက္တန္ဘာ့ဂ္က ေျပာၾကားခဲ့ပါတယ္။

ေရာဘတ္တို ဖာမီႏိုဟာ လီဗာပူးလ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၄၈ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၀၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇၈ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.