Match Report Serie A

မာရာဒိုနာအတွက် ရိုးမားကို အနိုင်ယူပြီး ချန်ပီယံခြေစွမ်းကို ရှင်းလင်းပြခဲ့တဲ့ နာပိုလီ

စီးရီးအေ ဇယားထိပ်ဆုံးက နာပိုလီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မီရက်၊ ခံစစ်မှာ ရာမာနီ၊ ဂင်မင်းဂျယ်၊ မာရီယို ရူအီနဲ့ ဒီလော်ရန်ဇိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လိုဘော့တ်ကာ၊ ဇွမ်ဘွန်ဂီးဆာနဲ့ ဇီလင်စကီးတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ကဗာရတ်စခီလီယာ၊ လိုဇာနိုနဲ့ အိုဆီမန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဝင်နိုင်ဖို့ ကြိုးစားနေတဲ့ ဧည့်သည် ရိုးမားအသင်းကတော့ ဂိုးသမား ရူအီ ပက်ထရီစီယို၊ ခံစစ်မှာ မန်ချီနီ၊ စမောလင်းနဲ့ အီဘာညက်ဇ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ မာတစ်ချ်၊ ခရစ္စတန်တေ၊ ဇာလက်ဗ်စကီးနဲ့ စပင်နက်ဇိုလာတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဒီဘားလား၊ ပယ်လီဂရီနီနဲ့ အေဘရာဟမ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ထိပ်တန်းပွဲစဉ်ဖြစ်လို့ ထိပ်တန်းဒိုင်လူကြီး ဒါနီယယ်လ် အော်ဆာတို ကိုင်တွယ်ခဲ့တဲ့ပွဲမှာ ထုံးစံအတိုင်းပဲ အိမ်ရှင် နာပိုလီတို့ ဘောလုံး ကိုင်ကစားခဲ့သလို ရိုးမားတို့ကတော့ မော်ရင်ညိုရဲ့ လုပ်နေကျ ပုံစံအတိုင်း ခံစစ်ကို လုံအောင် တည်ဆောက်ပြီး တိုက်စစ်ကို အမြန်သွားတဲ့ Counter တွေပဲ အားပြုသွားခဲ့တာဖြစ်ပါတယ်။

ဘယ်ခြမ်းက ကဗာရတ်စခီလီယာက ရိုးမားတို့ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပေမယ့် PSV ကနေ ခဏလောက် ကောင်းတာနဲ့ ခေါ်ပြီး ဂျင်းဖြစ်နေတဲ့ လိုဇာနိုကတော့ ညာခြမ်းမှာ ပျောက်နေခဲ့တာကြောင့် သူ့ဘက်ကနေ ကောင်တာ ပိုကစားနိုင်ခဲ့သလို ပွဲချိန် ၁၂ မိနစ်မှာ အေဘရာဟမ်ဆီ ပေးတဲ့ ဘောလုံးကို ခံစစ်က ဖျက်ရင်း နားလည်မှုလွဲခဲ့ရာမှာ ကံကောင်းလို့ ဘောလုံးက တိုင်ဘေးက ကပ်ထွက်သွားပြီး နာပိုလီတို့ ဂိုးမပေးခဲ့ရတာပါ။

ပွဲချိန် ၁၇ မိနစ်မှာတော့ နာပိုလီတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မာရီယို ရူအီရဲ့ အကွက်မြင်လွန်းမှုကနေ အနာခံပြီး ပေးပို့မှုကို ဘယ်ခြမ်းက လွတ်ထွက်သွားတဲ့ ကဗာရတ်စခီလီယာက ဖြတ်တင်ပေးရာမှာ အိုဆီမင်က ရိုးမားနောက်ခံလူတွေကြားကနေ ထိန်းသိမ်းရယူပြီး အနီးကပ် Volley အပြင်းကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

အိုဆီမင်ကို ထိန်းချုပ်ဖို့ ရိုးမားခံစစ်က ဖရိုဖရဲဖြစ်နေခဲ့တာကြောင့် နာပိုလီတို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း မသေချာခဲ့သလို နိုင်ဂျီးရီးယားတိုက်စစ်မှူးအနေနဲ့ ခေါင်းတိုက်ခွင့်တစ်ကြိမ်ကိုတော့ ဘားကျော်သွားခဲ့ပြီး နာကျင်အချိန်ပိုက စပင်နက်ဇိုလာရဲ့ Volley ကန်ချက်ကိုတော့ ဂိုးသမား မီရက် ပုတ်ထုတ်နိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့ကြတာပါ။

ဒုတိယပိုင်းအစမှာတော့ ခံစစ်မှာ အားမကိုးရတဲ့ စပင်နက်ဇိုလာအစား အယ်လ်ရှာရာဝီကို မော်ရင်ညိုက အပြောင်းအလဲလုပ်လာခဲ့ပြီး ရိုးမားတို့ ဖိအားပိုပေးလာနိုင်ခဲ့သလို နာပိုလီတို့ကတော့ ခံစစ်ကို ပိုအာရုံစိုက်ခဲ့ကြပြီး ဒီနေ့ပွဲမှာ ဒီဘားလားနဲ့‌ အေဘရာဟမ်တို့ရဲ့ အတွဲညီခဲ့သမျှတွေကို နာပိုလီခံစစ်က ဖြတ်တောက်သွားနိုင်ခဲ့လို့ ဧည့်သည်တွေ ခက်ခဲနေခဲ့ပါတယ်။

တည်ကန်ဘောတွေ၊ အမြင့်ဘောတွေနဲ့ ထိုးဖောက်နေတဲ့ ရိုးမားတို့ရဲ့ တိုက်စစ်ဆင်မှုတွေမှာ နာပိုလီနောက်တန်းက ပျာလောင်ခတ်နေခဲ့ပေမယ့် ကံကောင်းနေလို့ ဂိုးမပေးခဲ့ရသလို ပင်နယ်တီတစ်ကြိမ်လည်း မပေးခဲ့ရလို့ သက်သာခဲ့ရပြီး ပွဲချိန် ၆၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ သုံးယောက် နှစ်ယောက် အနေအထားမှာ ကဗာရတ်စခီလီယာကို ပေးရမယ့်အစား တစ်ကိုယ်ကောင်းဆန်ဆန် ဂိုးထဲ ကြုံးကန်ထည့်တဲ့ လိုဇာနိုကြောင့် အပိုင်တစ်ဂိုးနစ်နာခဲ့ရတာပါ။

ပွဲချိန် ၇၅ မိနစ်မှာတော့ ရိုးမားတို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နာပိုလီခံစစ်ကနေ ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ညာခြမ်းကနေ ရသွားခဲ့တဲ့ ဇာလက်ဗ်စကီးက အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးရာမှာ လိုဇာနိုရဲ့နောက်ကနေ ဖြတ်ပြေးပြီး ပိတ်သွင်းနိုင်ခဲ့တဲ့ လူစားဝင် အယ်လ်ရှာရာဝီကြောင့် တစ်ဂိုးစီသရေပြန်ဖြစ်နေခဲ့ပါတယ်။

နာပိုလီတို့ဘက်က ကဗာရတ်စခီလီယာ၊ မာရီယို ရူအီ၊ လိုဇာနိုနဲ့ အိုဆီမင်တို့အစား အဲလ်မတ်စ်၊ အိုလီဗီယေးရား၊ ဆီမီယွန်နီနဲ့ ရက်စ်ပါဒိုရီတို့ကို လဲပြီး တိုက်စစ်မြှင့်လာခဲ့သလို ရိုးမားတို့ဘက်ကတော့ အေဘရာဟမ်၊ ပယ်လီဂရီနီ၊ မာတစ်ချ်တို့အစား ဘယ်လော့တီ၊ ဘိုဗီနဲ့ တာဟီရိုဗစ်ချ်တို့ကို ထည့်ပြီး ထိန်းကစားဖို့ ကြံလာခဲ့တာပါ။

ပွဲချိန် ၈၆ မိနစ်မှာတော့ ချန်ပီယံဖြစ်မယ့် အသင်းက အနိုင်ဂိုးကို ဘယ်လိုသွင်းယူရတယ်ဆိုတာ သိကြောင်းကို နာပိုလီတို့ ပြသသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးရလာတဲ့ ဇီလင်စကီးက ရိုးမားနောက်ခံလူနှစ်ယောက်ကြားကနေ ဧရိယာထဲကို ချပေးရာမှာ လူမကပ်ဘဲ ပေါ့လျော့ခဲ့တဲ့ စမောလင်းကြောင့် ဆီမီယွန်နီက ဂိုးပေါက်ကို ကျောပေးထားရာကနေ တစ်ပတ်လှည့်ကန်သွင်းပြီး ဂိုးအဖြစ်ပြောင်းလဲသွားနိုင်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နာပိုလီတို့က ရိုးမားတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီပွဲရလဒ်ကြောင့် ဒုတိယနေရာက အင်တာမီလန်အသင်းကို ၁၃ မှတ်အထိ ဖြတ်လိုက်နိုင်သလို ရိုးမားတို့နဲ့တော့ ၁၆ မှတ်အထိ ဝေးကွာသွားခဲ့ပြီး ဒီရာသီ စီးရီးအေ ချန်ပီယံဆုကို ဒီယေဂို မာရာဒိုနာအတွက် တစ်ကျော့ပြန် လက်ဆောင်အဖြစ် ရယူပေးဖို့ အခြေအနေ အကောင်းဆုံးမှာ ရှိသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စီးရီးေအ ဇယားထိပ္ဆုံးက နာပိုလီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မီရက္၊ ခံစစ္မွာ ရာမာနီ၊ ဂင္မင္းဂ်ယ္၊ မာရီယို ႐ူအီနဲ႔ ဒီေလာ္ရန္ဇိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ လိုေဘာ့တ္ကာ၊ ဇြမ္ဘြန္ဂီးဆာနဲ႔ ဇီလင္စကီးတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ကဗာရတ္စခီလီယာ၊ လိုဇာႏိုနဲ႔ အိုဆီမန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ ဝင္ႏိုင္ဖို႔ ႀကိဳးစားေနတဲ့ ဧည့္သည္ ႐ိုးမားအသင္းကေတာ့ ဂိုးသမား ႐ူအီ ပက္ထရီစီယို၊ ခံစစ္မွာ မန္ခ်ီနီ၊ စေမာလင္းနဲ႔ အီဘာညက္ဇ္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ မာတစ္ခ်္၊ ခရစၥတန္ေတ၊ ဇာလက္ဗ္စကီးနဲ႔ စပင္နက္ဇိုလာတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဒီဘားလား၊ ပယ္လီဂရီနီနဲ႔ ေအဘရာဟမ္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

ထိပ္တန္းပြဲစဥ္ျဖစ္လို႔ ထိပ္တန္းဒိုင္လူႀကီး ဒါနီယယ္လ္ ေအာ္ဆာတို ကိုင္တြယ္ခဲ့တဲ့ပြဲမွာ ထုံးစံအတိုင္းပဲ အိမ္ရွင္ နာပိုလီတို႔ ေဘာလုံး ကိုင္ကစားခဲ့သလို ႐ိုးမားတို႔ကေတာ့ ေမာ္ရင္ညိဳရဲ႕ လုပ္ေနက် ပုံစံအတိုင္း ခံစစ္ကို လုံေအာင္ တည္ေဆာက္ၿပီး တိုက္စစ္ကို အျမန္သြားတဲ့ Counter ေတြပဲ အားျပဳသြားခဲ့တာျဖစ္ပါတယ္။

ဘယ္ျခမ္းက ကဗာရတ္စခီလီယာက ႐ိုးမားတို႔ကို ေကာင္းေကာင္း ဒုကၡေပးႏိုင္ခဲ့ေပမယ့္ PSV ကေန ခဏေလာက္ ေကာင္းတာနဲ႔ ေခၚၿပီး ဂ်င္းျဖစ္ေနတဲ့ လိုဇာႏိုကေတာ့ ညာျခမ္းမွာ ေပ်ာက္ေနခဲ့တာေၾကာင့္ သူ႔ဘက္ကေန ေကာင္တာ ပိုကစားႏိုင္ခဲ့သလို ပြဲခ်ိန္ ၁၂ မိနစ္မွာ ေအဘရာဟမ္ဆီ ေပးတဲ့ ေဘာလုံးကို ခံစစ္က ဖ်က္ရင္း နားလည္မႈလြဲခဲ့ရာမွာ ကံေကာင္းလို႔ ေဘာလုံးက တိုင္ေဘးက ကပ္ထြက္သြားၿပီး နာပိုလီတို႔ ဂိုးမေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ နာပိုလီတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ မာရီယို ႐ူအီရဲ႕ အကြက္ျမင္လြန္းမႈကေန အနာခံၿပီး ေပးပို႔မႈကို ဘယ္ျခမ္းက လြတ္ထြက္သြားတဲ့ ကဗာရတ္စခီလီယာက ျဖတ္တင္ေပးရာမွာ အိုဆီမင္က ႐ိုးမားေနာက္ခံလူေတြၾကားကေန ထိန္းသိမ္းရယူၿပီး အနီးကပ္ Volley အျပင္းကန္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

အိုဆီမင္ကို ထိန္းခ်ဳပ္ဖို႔ ႐ိုးမားခံစစ္က ဖ႐ိုဖရဲျဖစ္ေနခဲ့တာေၾကာင့္ နာပိုလီတို႔ အခြင့္အေရးေတြ ရခဲ့ေပမယ့္ အဆုံးသတ္ပိုင္း မေသခ်ာခဲ့သလို ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးအေနနဲ႔ ေခါင္းတိုက္ခြင့္တစ္ႀကိမ္ကိုေတာ့ ဘားေက်ာ္သြားခဲ့ၿပီး နာက်င္အခ်ိန္ပိုက စပင္နက္ဇိုလာရဲ႕ Volley ကန္ခ်က္ကိုေတာ့ ဂိုးသမား မီရက္ ပုတ္ထုတ္ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ အႏိုင္ရလဒ္ကို ထိန္းထားႏိုင္ခဲ့ၾကတာပါ။

ဒုတိယပိုင္းအစမွာေတာ့ ခံစစ္မွာ အားမကိုးရတဲ့ စပင္နက္ဇိုလာအစား အယ္လ္ရွာရာဝီကို ေမာ္ရင္ညိဳက အေျပာင္းအလဲလုပ္လာခဲ့ၿပီး ႐ိုးမားတို႔ ဖိအားပိုေပးလာႏိုင္ခဲ့သလို နာပိုလီတို႔ကေတာ့ ခံစစ္ကို ပိုအာ႐ုံစိုက္ခဲ့ၾကၿပီး ဒီေန႔ပြဲမွာ ဒီဘားလားနဲ႔‌ ေအဘရာဟမ္တို႔ရဲ႕ အတြဲညီခဲ့သမွ်ေတြကို နာပိုလီခံစစ္က ျဖတ္ေတာက္သြားႏိုင္ခဲ့လို႔ ဧည့္သည္ေတြ ခက္ခဲေနခဲ့ပါတယ္။

တည္ကန္ေဘာေတြ၊ အျမင့္ေဘာေတြနဲ႔ ထိုးေဖာက္ေနတဲ့ ႐ိုးမားတို႔ရဲ႕ တိုက္စစ္ဆင္မႈေတြမွာ နာပိုလီေနာက္တန္းက ပ်ာေလာင္ခတ္ေနခဲ့ေပမယ့္ ကံေကာင္းေနလို႔ ဂိုးမေပးခဲ့ရသလို ပင္နယ္တီတစ္ႀကိမ္လည္း မေပးခဲ့ရလို႔ သက္သာခဲ့ရၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန သုံးေယာက္ ႏွစ္ေယာက္ အေနအထားမွာ ကဗာရတ္စခီလီယာကို ေပးရမယ့္အစား တစ္ကိုယ္ေကာင္းဆန္ဆန္ ဂိုးထဲ ႀကဳံးကန္ထည့္တဲ့ လိုဇာႏိုေၾကာင့္ အပိုင္တစ္ဂိုးနစ္နာခဲ့ရတာပါ။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ႐ိုးမားတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ နာပိုလီခံစစ္ကေန ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ညာျခမ္းကေန ရသြားခဲ့တဲ့ ဇာလက္ဗ္စကီးက အေဝးတိုင္ဘက္ကို ျဖတ္တင္ေပးရာမွာ လိုဇာႏိုရဲ႕ေနာက္ကေန ျဖတ္ေျပးၿပီး ပိတ္သြင္းႏိုင္ခဲ့တဲ့ လူစားဝင္ အယ္လ္ရွာရာဝီေၾကာင့္ တစ္ဂိုးစီသေရျပန္ျဖစ္ေနခဲ့ပါတယ္။

နာပိုလီတို႔ဘက္က ကဗာရတ္စခီလီယာ၊ မာရီယို ႐ူအီ၊ လိုဇာႏိုနဲ႔ အိုဆီမင္တို႔အစား အဲလ္မတ္စ္၊ အိုလီဗီေယးရား၊ ဆီမီယြန္နီနဲ႔ ရက္စ္ပါဒိုရီတို႔ကို လဲၿပီး တိုက္စစ္ျမႇင့္လာခဲ့သလို ႐ိုးမားတို႔ဘက္ကေတာ့ ေအဘရာဟမ္၊ ပယ္လီဂရီနီ၊ မာတစ္ခ်္တို႔အစား ဘယ္ေလာ့တီ၊ ဘိုဗီနဲ႔ တာဟီ႐ိုဗစ္ခ်္တို႔ကို ထည့္ၿပီး ထိန္းကစားဖို႔ ႀကံလာခဲ့တာပါ။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ခ်န္ပီယံျဖစ္မယ့္ အသင္းက အႏိုင္ဂိုးကို ဘယ္လိုသြင္းယူရတယ္ဆိုတာ သိေၾကာင္းကို နာပိုလီတို႔ ျပသသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံးရလာတဲ့ ဇီလင္စကီးက ႐ိုးမားေနာက္ခံလူႏွစ္ေယာက္ၾကားကေန ဧရိယာထဲကို ခ်ေပးရာမွာ လူမကပ္ဘဲ ေပါ့ေလ်ာ့ခဲ့တဲ့ စေမာလင္းေၾကာင့္ ဆီမီယြန္နီက ဂိုးေပါက္ကို ေက်ာေပးထားရာကေန တစ္ပတ္လွည့္ကန္သြင္းၿပီး ဂိုးအျဖစ္ေျပာင္းလဲသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ နာပိုလီတို႔က ႐ိုးမားတို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ဒီပြဲရလဒ္ေၾကာင့္ ဒုတိယေနရာက အင္တာမီလန္အသင္းကို ၁၃ မွတ္အထိ ျဖတ္လိုက္ႏိုင္သလို ႐ိုးမားတို႔နဲ႔ေတာ့ ၁၆ မွတ္အထိ ေဝးကြာသြားခဲ့ၿပီး ဒီရာသီ စီးရီးေအ ခ်န္ပီယံဆုကို ဒီေယဂို မာရာဒိုနာအတြက္ တစ္ေက်ာ့ျပန္ လက္ေဆာင္အျဖစ္ ရယူေပးဖို႔ အေျခအေန အေကာင္းဆုံးမွာ ရွိသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.