La Liga

ယူရိုသန်း ၂၀၀ တန်တိုက်စစ်မှူးကို မခေါ်ခင် တစ်ရာသီပဲကစားရမယ့်သူကို ခေါ်ချင်နေတဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ တစ်ရာသီအတွက် အရန်တိုက်စစ်မှူးတစ်ဦး ခေါ်ယူချင်နေတာကြောင့် ၂၀၂၄ ခုနှစ်မှာ မန်စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ Diario AS ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိမှာ လာလီဂါ ၁၇ ပွဲကစားထားရာမှာ ၁၃ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံးရလဒ် ရရှိထားပြီး ရမှတ် ၄၁ မှတ်နဲ့ လာလီဂါအမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လာလီဂါအမှတ်ပေးဇယားမှာ ၆ မှတ်အသာနဲ့ ဦးဆောင်နေတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုရာသီမှာ လာလီဂါဖလားကို ဆုံးရှုံးရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် လာမယ့် ၂၀၂၃-၂၀၂၄ ရာသီမတိုင်ခင် နွေရာသီအပြောင်းအရွှေ့ကာလအတွက် အစီအစဉ် ကြိုတင်ဆွဲထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ဦးစားပေးစာရင်းထဲမှာ ကာရင် ဘန်ဇီးမားရဲ့ နေရာမှာ ဖြည့်ကစားပေးနိုင်မယ့် တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့ ဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ ယခုရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုမယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။

မာရီယာနို ဒီယက်ဇ်ကလည်း စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုတင်ပြင်ဆင်နေပေမယ့်လည်း အနာဂတ်အတွက် လာလီဂါထိပ်သီးအသင်းကြီးရဲ့ အစီအစဉ်ထဲမှာ နေရာမရှိတော့တဲ့ပုံပေါ်နေတာ ဖြစ်ပြီး ဘန်ဇီးမားကလည်း အသက် ၃၀ ကျော်နေပြီဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Diario AS ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီကမှ အစ်တီဟတ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့် The Athletic ရဲ့ဖော်ပြချက်အရ စာချုပ်ထဲမှာ စာချုပ်လျော်ကြေးယူရိုသန်း ၂၀၀ ကို ထည့်သွင်းချုပ်ဆိုထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီစာချုပ်လျော်ကြေးဟာ ၂၀၂၄ ခုနှစ်မှာမှ အသက်ဝင်လာမှာဖြစ်ပြီး အင်္ဂလန်အပြင်ဘက်က အသင်းတွေကသာ ဟာလန်းကို စာချုပ်လျော်ကြေးပေးပြီး ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အန်ဆလော့တီရဲ့အသင်းဟာ နော်ဝေကြယ်ပွင့်တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့အတွက် လာမယ့်ရာသီကုန်တဲ့အထိ စောင့်ဆိုင်းသွားရမှာဖြစ်တာကြောင့် ယခုရာသီမှာ ဘန်ဇီးမားအတွက် ကာလတို ဖြည့်ကစားပေးနိုင်မယ့် တိုက်စစ်မှူးတစ်ဦးကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ တစ်ရာသီလောက်ပဲ လိုအပ်တဲ့အချိန်မှာ ဝင်ကစားနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူချင်နေတာဖြစ်ပြီး ခေါ်ယူလို့ရနိုင်ခြေရှိတဲ့ပစ်မှတ်တွေကို စတင်သတ်မှတ်နေပေမယ့်လည်း အနှစ်သက်ဆုံးတော့မရှိသေးဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းဟာ တစ္ရာသီအတြက္ အရန္တိုက္စစ္မႉးတစ္ဦး ေခၚယူခ်င္ေနတာေၾကာင့္ ၂၀၂၄ ခုႏွစ္မွာ မန္စီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ Diario AS ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ လက္ရွိမွာ လာလီဂါ ၁၇ ပြဲကစားထားရာမွာ ၁၃ ပြဲႏိုင္ ၁ ပြဲသေရ ၂ ပြဲရႈံးရလဒ္ ရရွိထားၿပီး ရမွတ္ ၄၁ မွတ္နဲ႔ လာလီဂါအမွတ္ေပးဇယားဒုတိယေနရာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ လာလီဂါအမွတ္ေပးဇယားမွာ ၆ မွတ္အသာနဲ႔ ဦးေဆာင္ေနတာေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းဟာ ယခုရာသီမွာ လာလီဂါဖလားကို ဆုံးရႈံးရႏိုင္တဲ့ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ လာမယ့္ ၂၀၂၃-၂၀၂၄ ရာသီမတိုင္ခင္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြက္ အစီအစဥ္ ႀကိဳတင္ဆြဲထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္ရဲ႕ ဦးစားေပးစာရင္းထဲမွာ ကာရင္ ဘန္ဇီးမားရဲ႕ ေနရာမွာ ျဖည့္ကစားေပးႏိုင္မယ့္ တိုက္စစ္မႉးသစ္တစ္ဦး ေခၚယူဖို႔ ျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္လည္း အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရပါတယ္။

မာရီယာႏို ဒီယက္ဇ္ကလည္း စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳတင္ျပင္ဆင္ေနေပမယ့္လည္း အနာဂတ္အတြက္ လာလီဂါထိပ္သီးအသင္းႀကီးရဲ႕ အစီအစဥ္ထဲမွာ ေနရာမရွိေတာ့တဲ့ပုံေပၚေနတာ ျဖစ္ၿပီး ဘန္ဇီးမားကလည္း အသက္ ၃၀ ေက်ာ္ေနၿပီျဖစ္တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ဟာ တိုက္စစ္မႉးသစ္ ေခၚယူဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

Diario AS ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းဟာ မန္ခ်က္စတာစီးတီး တိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး ေနာ္ေဝတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ အစ္တီဟတ္ကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ေပမယ့္ The Athletic ရဲ႕ေဖာ္ျပခ်က္အရ စာခ်ဳပ္ထဲမွာ စာခ်ဳပ္ေလ်ာ္ေၾကးယူ႐ိုသန္း ၂၀၀ ကို ထည့္သြင္းခ်ဳပ္ဆိုထားတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီစာခ်ဳပ္ေလ်ာ္ေၾကးဟာ ၂၀၂၄ ခုႏွစ္မွာမွ အသက္ဝင္လာမွာျဖစ္ၿပီး အဂၤလန္အျပင္ဘက္က အသင္းေတြကသာ ဟာလန္းကို စာခ်ဳပ္ေလ်ာ္ေၾကးေပးၿပီး ေခၚယူႏိုင္မွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ အန္ဆေလာ့တီရဲ႕အသင္းဟာ ေနာ္ေဝၾကယ္ပြင့္တိုက္စစ္မႉးကို ေခၚယူႏိုင္ဖို႔အတြက္ လာမယ့္ရာသီကုန္တဲ့အထိ ေစာင့္ဆိုင္းသြားရမွာျဖစ္တာေၾကာင့္ ယခုရာသီမွာ ဘန္ဇီးမားအတြက္ ကာလတို ျဖည့္ကစားေပးႏိုင္မယ့္ တိုက္စစ္မႉးတစ္ဦးကို ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ တစ္ရာသီေလာက္ပဲ လိုအပ္တဲ့အခ်ိန္မွာ ဝင္ကစားႏိုင္တဲ့ တိုက္စစ္မႉးတစ္ဦးကို ေခၚယူခ်င္ေနတာျဖစ္ၿပီး ေခၚယူလို႔ရႏိုင္ေျခရွိတဲ့ပစ္မွတ္ေတြကို စတင္သတ္မွတ္ေနေပမယ့္လည္း အႏွစ္သက္ဆုံးေတာ့မရွိေသးဘူးလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.