La Liga

ဘာမှ အကူအညီမရတဲ့သူနဲ့ တွဲကစားရလို့ စိတ်ပျက်နေတဲ့ လီဗန်ဒေါ့ဗ်စကီး

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ဘာတစ်ခုမှ အကူအညီ မပေးနိုင်တဲ့ ဖာရန် တောရက်စ်နဲ့ တွဲကစားရတာကို စိတ်ပျက်နေတယ်လို့ El Nacional က ဖော်ပြခဲ့ပါတယ်။

စပိန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ ဇန်နဝါရီလမှာ မန်ချက်စတာစီးတီးအသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာရန် တောရက်စ်ဟာ နူးကမ့်ကို ပြောင်းရွှေ့ပြီးကတည်းက အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

တောရက်စ်ဟာ ဘာစီလိုနာအသင်းအတွက် ၄၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး ယခုရာသီ ၂၃ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စပိန်တိုက်စစ်မှူးဟာ ကွင်းအတွင်းမှာ နှေးကွေးလေးလံတဲ့ ကစားပုံကြောင့် မကြာခဏ ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရပြီး အန်ဆူ ဖာတီ၊ ရာဖင်ညာနဲ့ ဒမ်ဘီလီတို့လို ကစားသမားတွေက ပွဲထွက်ခွင့်မှာ နေရာပိုရခဲ့တာဖြစ်ပါတယ်။

နည်းပြ ဇာဗီက ပြီးခဲ့တဲ့နှစ်မှာ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးကြယ်ပွင့်ဟောင်းဟာ စပိန်လူမျိုးနည်းပြရဲ့ မျှော်မှန်းချက်အတိုင်း စွမ်းဆောင်ပြနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသင်းဖော်ကပါ တွဲကစားရတာကို စိတ်ပျက်နေပြီလို့ သိရပါတယ်။

ပိုလန် တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ အသင်းအတွက် ဘာတစ်ခုမှ ကူညီပေးနိုင်ခြင်းမရှိဘဲ တိုက်စစ်မှာ လူပိုတစ်ယောက်ဖြစ်နေတဲ့ ဖာရန် တောရက်စ်ကြောင့် မပျော်မရွှင်ဖြစ်နေပြီး အသင်းဥက္ကဌ လာပေါ်တာနဲ့ ဘောလုံးဒါရိုက်တာ မက်တဲအူ အလာမာနီတို့ကလည်း တောရက်စ်ကို ခေါ်ယူခဲ့မှုဟာ မအောင်မြင်တဲ့ အပြောင်းအရွှေ့လို့ ကောက်ချက်ချခဲ့တယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိ ဖြစ်ပွားနေတဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ဖာရန် တောရက်စ်ကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာတဲ့အသင်းရှိခဲ့ရင် ရောင်းထုတ်သွားမယ်လို့ မျှော်မှန်းခြင်း ခံထားရပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဘာစီလိုနာၾကယ္ပြင့္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးဟာ ဘာတစ္ခုမွ အကူအညီ မေပးႏိုင္တဲ့ ဖာရန္ ေတာရက္စ္နဲ႔ တြဲကစားရတာကို စိတ္ပ်က္ေနတယ္လို႔ El Nacional က ေဖာ္ျပခဲ့ပါတယ္။

စပိန္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီ ဇန္နဝါရီလမွာ မန္ခ်က္စတာစီးတီးအသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဖာရန္ ေတာရက္စ္ဟာ ႏူးကမ့္ကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက အထင္ႀကီးဖြယ္ေျခစြမ္းျပသႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ေတာရက္စ္ဟာ ဘာစီလိုနာအသင္းအတြက္ ၄၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး ယခုရာသီ ၂၃ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း စပိန္တိုက္စစ္မႉးဟာ ကြင္းအတြင္းမွာ ေႏွးေကြးေလးလံတဲ့ ကစားပုံေၾကာင့္ မၾကာခဏ ျပစ္တင္ေဝဖန္ျခင္းကို ခံခဲ့ရၿပီး အန္ဆူ ဖာတီ၊ ရာဖင္ညာနဲ႔ ဒမ္ဘီလီတို႔လို ကစားသမားေတြက ပြဲထြက္ခြင့္မွာ ေနရာပိုရခဲ့တာျဖစ္ပါတယ္။

နည္းျပ ဇာဗီက ၿပီးခဲ့တဲ့ႏွစ္မွာ အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ေခၚယူေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္လည္း မန္ခ်က္စတာစီးတီးၾကယ္ပြင့္ေဟာင္းဟာ စပိန္လူမ်ိဳးနည္းျပရဲ႕ ေမွ်ာ္မွန္းခ်က္အတိုင္း စြမ္းေဆာင္ျပႏိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ အသင္းေဖာ္ကပါ တြဲကစားရတာကို စိတ္ပ်က္ေနၿပီလို႔ သိရပါတယ္။

ပိုလန္ တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးဟာ အသင္းအတြက္ ဘာတစ္ခုမွ ကူညီေပးႏိုင္ျခင္းမရွိဘဲ တိုက္စစ္မွာ လူပိုတစ္ေယာက္ျဖစ္ေနတဲ့ ဖာရန္ ေတာရက္စ္ေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီး အသင္းဥကၠဌ လာေပၚတာနဲ႔ ေဘာလုံးဒါ႐ိုက္တာ မက္တဲအူ အလာမာနီတို႔ကလည္း ေတာရက္စ္ကို ေခၚယူခဲ့မႈဟာ မေအာင္ျမင္တဲ့ အေျပာင္းအေ႐ႊ႕လို႔ ေကာက္ခ်က္ခ်ခဲ့တယ္လို႔ သိရပါတယ္။

ဘာစီလိုနာအသင္းဟာ လက္ရွိ ျဖစ္ပြားေနတဲ့ ဘ႑ာေရး အၾကပ္အတည္းေၾကာင့္ ဖာရန္ ေတာရက္စ္ကို သင့္ေတာ္တဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ကမ္းလွမ္းလာတဲ့အသင္းရွိခဲ့ရင္ ေရာင္းထုတ္သြားမယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.