Carabao & FA Match Report Premier League

မန်စီးတီးကွင်းမှာ လေ့ကျင့်ခဲ့တဲ့ ရက်ဒင်းကို ကာစီမီရို ခြေစွမ်းပြမှုနဲ့ အနိုင်ရတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဝန်ဘစ်ဆာကာနဲ့ မာလာစီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာလည်း ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ ဗက်ဂ်ဟော့စ်တို့ကို လူစုံထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ရက်ဒင်းအသင်းကတော့ ဂိုးသမား လူမ်လီ၊ ခံစစ်မှာ ယီယာဒွမ်၊ ဟုမ်းလ်၊ မက်အင်တိုင်းယား၊ ဘာဘာ ရာမန်နဲ့ ဟွိုက်လက်တို့ကို စုဖွဲ့လာခဲ့သလို ကွင်းလယ်မှာတော့ နည်းပြ ပေါလ်အင့်စ်ရဲ့သား တွမ်အင့်စ်၊ ဟင်းဒရစ်ခ်၊ လူးမ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ လူးကပ်စ် ဂျာအိုနဲ့ ကာရိုးလ်တို့ကို ကစားစေခဲ့တာပါ။

ပွဲစကတည်းက ယူနိုက်တက်တို့ ဘောလုံးကိုင်ကစားခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်၊ အဲရစ်ဆန်တို့ရဲ့ ခင်းကျင်းဖန်တီးမှုတွေနဲ့ ရက်ဒင်းတို့ကို ဖိအားပေးခဲ့ပေမယ့် ခံစစ် ၅ ယောက်အထိ အသုံးပြုလာခဲ့တဲ့ ဧည့်သည်တွေအနေနဲ့ အလွယ်တကူတော့ ဂိုးပေးလိုခြင်း မရှိဘဲ ကြိုးစားခုခံခဲ့ကြတာကြောင့် ဟင်ဟာတောက်ကျွတ်ပဲ ဖြစ်နေခဲ့ရပါတယ်။

အဲရစ်ဆန်ရဲ့ ဖရီးကစ်က တိုင်ဘေးက ထွက်သွားခဲ့သလို ရက်ရှ်ဖို့ဒ်ရဲ့ ဖရီးကစ်ကိုတော့ ဂိုးသမားက ပုတ်ထုတ်နိုင်ခဲ့ပြီး ဒီက ပြန်ကျလာတာကို အဲရစ်ဆန် ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ရက်ဒင်းနောက်တန်းက ဖျက်ထုတ်သွားခဲ့သလို ဒီနေ့မှာ အန်တိုနီရဲ့ ထိုးဖောက်မှုတွေနဲ့ လှည့်စားမှုတွေကတော့ နှေးကွေးရိုးရှင်းလွန်းနေပြီး ဧည့်သည်တွေဘက်က အလွယ်တကူ ပိတ်ဆို့သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာတော့ ရက်ရှ်ဖို့ဒ်က အိမ်ကွင်း ပွဲဆက်ဂိုးသွင်းတဲ့ စံချိန်ချိုးနိုင်စေမယ့် ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဖန်တီးပေးပို့ခဲ့တဲ့ ဗက်ဂ်ဟော့စ် လူကျွံနေခဲ့လို့ ပယ်ဖျက်ခံခဲ့ရပြီး ကာစီမီရိုကို ဧရိယာထဲမှာ အဖျက်ခံရတာကလည်း ပင်နယ်တီ မရခဲ့သလို မာလာစီယာရဲ့ အမှားကနေ ဝါရင့်တောင်ပံသမား ဟွိုက်လက်က ဂိုးသွင်းဖို့ ကြိုးစားရာမှာတော့ ဒဟေးယား ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ကြပြီး ဒုတိယပိုင်း ပြန်လည်စတင်ရာမှာ ယူနိုက်တက်တို့ပဲ ဘောလုံးကိုင်ပြီး တိုက်စစ်ဆင်နေခဲ့ပေမယ့် ဘရူနို ဖာနန်ဒက်စ်က အဖြုန်းကြီး ဖြုန်းနေခဲ့သလို ဧည့်သည် ရက်ဒင်းတို့ကတော့ ဝါရင့်တိုက်စစ်မှူး အန်ဒီ ကာရိုးလ် အားကိုးနဲ့ ပြန်လည်ခြိမ်းခြောက်ခဲ့ပေမယ့် အိမ်ရှင်ခံစစ်ကိုတော့ မကျော်နိုင်ဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘောလုံးရလာခဲ့တဲ့ အန်တိုနီက ရက်ဒင်းနောက်ခံလူတွေကြားက ဟနေတဲ့ Channel ထဲကို ခင်းပေးခဲ့ရာမှာ ကာစီမီရိုက ပြေးဝင်ရယူပြီး ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဂိုးသမား လူမ်လီပေါ်ကနေ အသာကျော်ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်တို့အနေနဲ့ နောက်ထပ်တစ်ဂိုး ထပ်မံရရှိဖို့ ၄ မိနစ်ပဲ စောင့်လိုက်ရပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘရူနို ဖာနန်ဒက်စ်က အတွင်းကို ပြန်ပေးရာမှာ အဲရစ်ဆန်အစား ဝင်လာတဲ့ ဖရက်ဒ်က ဘေးကို ပြန်ချပေးတာကို ကာစီမီရိုက လူကြားထဲက လှမ်းကန်သွင်းခဲ့ရာမှာတော့ စိတ်ပျက်စရာ လက်စွမ်းနဲ့ ဂိုးသမား လူမ်လီက ကာကွယ်ပုံနှေးကွေးနေခဲ့လို့ ညာဘက်တိုင်ခြေကို အလွယ်တကူပဲ ဝင်သွားခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာ ရက်ဒင်းတိုက်စစ်မှူး ကာရိုးလ် နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပြီး နှစ်မိနစ်အကြာမှာတော့ ယူနိုက်တက်တို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ အန်တိုနီက အတိုပေးရာမှာ ဘရူနို ဖာနန်ဒက်စ်က အနီးတိုင်ဘက်ကို အနိမ့်ဘော လှမ်းပို့ပေးရာမှာ ဖရက်ဒ်က နောက်ပေါက်နဲ့ ချိတ်သွင်းပြီး သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ရက်ဒင်းတို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ တွမ်အင့်စ်က ကန်တင်ပေးရာမှာ လူကပ်ပုံ ညံ့ဖျင်းတဲ့ မက်ဂွိုင်းယား ဦးဆောင်တဲ့ ခံစစ်ကြောင့် ဧည့်သည်နောက်ခံလူ အမ်ဘင်ဂူးက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက် သွင်းယူသွားခဲ့လို့ ဂိုးသမား ဒဟေးယားလည်း ဘာမှ မတတ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာ ယူနိုက်တက်တို့ဘက်က ရက်ရှ်ဖို့ဒ်၊ ဘရူနို ဖာနန်ဒက်စ်၊ ကာစီမီရိုနဲ့ ဗက်ဂ်ဟော့စ်တို့အစား ဂါနာချို၊ ပယ်လစ္စထရီ၊ မိုင်နူးနဲ့ အီလန်ဂါတို့ကို ထည့်သွင်းကစားခဲ့ပြီး တစ်ယောက်လျော့ ရက်ဒင်းတို့အပေါ်မှာ ဘောလုံးပိုင်ဆိုင်မှု ၇၉ ရာခိုင်နှုန်းအထိ ရယူထိန်းချုပ်သွားနိုင်ခဲ့ကြလို့ ပွဲချိန် အပြည့်မှာတော့ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

အိုးလ်ထရက်ဒ်ဖို့ဒ်မှာ လွယ်လွယ်ကူကူပဲ ဆင်နွှဲခဲ့တဲ့ ဒီနေ့နိုင်ပွဲရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ အက်ဖ်အေဖလားရဲ့ ပဉ္စမအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြပြီး ပြည်တွင်းဖလားနှစ်လုံးကို ရယူဖို့ အခြေအနေကောင်းနေခဲ့သလို လာမယ့်အဆင့်မှာတော့ ဘယ်အသင်းနဲ့ တွေ့ဆုံမလဲဆိုတာကို တနင်္လာနေ့ မဲခွဲရေးဆွဲမှုအပြီးမှာ သိရှိရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္၊ ဝန္ဘစ္ဆာကာနဲ႔ မာလာစီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာလည္း ရက္ရွ္ဖို႔ဒ္၊ အန္တိုနီနဲ႔ ဗက္ဂ္ေဟာ့စ္တို႔ကို လူစုံထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ရက္ဒင္းအသင္းကေတာ့ ဂိုးသမား လူမ္လီ၊ ခံစစ္မွာ ယီယာဒြမ္၊ ဟုမ္းလ္၊ မက္အင္တိုင္းယား၊ ဘာဘာ ရာမန္နဲ႔ ဟြိဳက္လက္တို႔ကို စုဖြဲ႕လာခဲ့သလို ကြင္းလယ္မွာေတာ့ နည္းျပ ေပါလ္အင့္စ္ရဲ႕သား တြမ္အင့္စ္၊ ဟင္းဒရစ္ခ္၊ လူးမ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ လူးကပ္စ္ ဂ်ာအိုနဲ႔ ကာ႐ိုးလ္တို႔ကို ကစားေစခဲ့တာပါ။

ပြဲစကတည္းက ယူႏိုက္တက္တို႔ ေဘာလုံးကိုင္ကစားခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္၊ အဲရစ္ဆန္တို႔ရဲ႕ ခင္းက်င္းဖန္တီးမႈေတြနဲ႔ ရက္ဒင္းတို႔ကို ဖိအားေပးခဲ့ေပမယ့္ ခံစစ္ ၅ ေယာက္အထိ အသုံးျပဳလာခဲ့တဲ့ ဧည့္သည္ေတြအေနနဲ႔ အလြယ္တကူေတာ့ ဂိုးေပးလိုျခင္း မရွိဘဲ ႀကိဳးစားခုခံခဲ့ၾကတာေၾကာင့္ ဟင္ဟာေတာက္ကြၽတ္ပဲ ျဖစ္ေနခဲ့ရပါတယ္။

အဲရစ္ဆန္ရဲ႕ ဖရီးကစ္က တိုင္ေဘးက ထြက္သြားခဲ့သလို ရက္ရွ္ဖို႔ဒ္ရဲ႕ ဖရီးကစ္ကိုေတာ့ ဂိုးသမားက ပုတ္ထုတ္ႏိုင္ခဲ့ၿပီး ဒီက ျပန္က်လာတာကို အဲရစ္ဆန္ ပိတ္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ရက္ဒင္းေနာက္တန္းက ဖ်က္ထုတ္သြားခဲ့သလို ဒီေန႔မွာ အန္တိုနီရဲ႕ ထိုးေဖာက္မႈေတြနဲ႔ လွည့္စားမႈေတြကေတာ့ ေႏွးေကြး႐ိုးရွင္းလြန္းေနၿပီး ဧည့္သည္ေတြဘက္က အလြယ္တကူ ပိတ္ဆို႔သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္က အိမ္ကြင္း ပြဲဆက္ဂိုးသြင္းတဲ့ စံခ်ိန္ခ်ိဳးႏိုင္ေစမယ့္ ဂိုးကို ေခါင္းတိုက္သြင္းယူခဲ့ရာမွာ ဖန္တီးေပးပို႔ခဲ့တဲ့ ဗက္ဂ္ေဟာ့စ္ လူကြၽံေနခဲ့လို႔ ပယ္ဖ်က္ခံခဲ့ရၿပီး ကာစီမီ႐ိုကို ဧရိယာထဲမွာ အဖ်က္ခံရတာကလည္း ပင္နယ္တီ မရခဲ့သလို မာလာစီယာရဲ႕ အမွားကေန ဝါရင့္ေတာင္ပံသမား ဟြိဳက္လက္က ဂိုးသြင္းဖို႔ ႀကိဳးစားရာမွာေတာ့ ဒေဟးယား ပုတ္ထုတ္သြားႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္း ျပန္လည္စတင္ရာမွာ ယူႏိုက္တက္တို႔ပဲ ေဘာလုံးကိုင္ၿပီး တိုက္စစ္ဆင္ေနခဲ့ေပမယ့္ ဘ႐ူႏို ဖာနန္ဒက္စ္က အျဖဳန္းႀကီး ျဖဳန္းေနခဲ့သလို ဧည့္သည္ ရက္ဒင္းတို႔ကေတာ့ ဝါရင့္တိုက္စစ္မႉး အန္ဒီ ကာ႐ိုးလ္ အားကိုးနဲ႔ ျပန္လည္ၿခိမ္းေျခာက္ခဲ့ေပမယ့္ အိမ္ရွင္ခံစစ္ကိုေတာ့ မေက်ာ္ႏိုင္ဘဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ေဘာလုံးရလာခဲ့တဲ့ အန္တိုနီက ရက္ဒင္းေနာက္ခံလူေတြၾကားက ဟေနတဲ့ Channel ထဲကို ခင္းေပးခဲ့ရာမွာ ကာစီမီ႐ိုက ေျပးဝင္ရယူၿပီး ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ ဂိုးသမား လူမ္လီေပၚကေန အသာေက်ာ္ကန္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္တို႔အေနနဲ႔ ေနာက္ထပ္တစ္ဂိုး ထပ္မံရရွိဖို႔ ၄ မိနစ္ပဲ ေစာင့္လိုက္ရၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဘ႐ူႏို ဖာနန္ဒက္စ္က အတြင္းကို ျပန္ေပးရာမွာ အဲရစ္ဆန္အစား ဝင္လာတဲ့ ဖရက္ဒ္က ေဘးကို ျပန္ခ်ေပးတာကို ကာစီမီ႐ိုက လူၾကားထဲက လွမ္းကန္သြင္းခဲ့ရာမွာေတာ့ စိတ္ပ်က္စရာ လက္စြမ္းနဲ႔ ဂိုးသမား လူမ္လီက ကာကြယ္ပုံေႏွးေကြးေနခဲ့လို႔ ညာဘက္တိုင္ေျခကို အလြယ္တကူပဲ ဝင္သြားခဲ့တာပါ။

ပြဲခ်ိန္ ၆၄ မိနစ္မွာ ရက္ဒင္းတိုက္စစ္မႉး ကာ႐ိုးလ္ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရၿပီး ႏွစ္မိနစ္အၾကာမွာေတာ့ ယူႏိုက္တက္တို႔ပဲ တတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကေန အန္တိုနီက အတိုေပးရာမွာ ဘ႐ူႏို ဖာနန္ဒက္စ္က အနီးတိုင္ဘက္ကို အနိမ့္ေဘာ လွမ္းပို႔ေပးရာမွာ ဖရက္ဒ္က ေနာက္ေပါက္နဲ႔ ခ်ိတ္သြင္းၿပီး သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ရက္ဒင္းတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကေန တြမ္အင့္စ္က ကန္တင္ေပးရာမွာ လူကပ္ပုံ ညံ့ဖ်င္းတဲ့ မက္ဂြိဳင္းယား ဦးေဆာင္တဲ့ ခံစစ္ေၾကာင့္ ဧည့္သည္ေနာက္ခံလူ အမ္ဘင္ဂူးက လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ သြင္းယူသြားခဲ့လို႔ ဂိုးသမား ဒေဟးယားလည္း ဘာမွ မတတ္ႏိုင္ဘဲျဖစ္ခဲ့ရတာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာ ယူႏိုက္တက္တို႔ဘက္က ရက္ရွ္ဖို႔ဒ္၊ ဘ႐ူႏို ဖာနန္ဒက္စ္၊ ကာစီမီ႐ိုနဲ႔ ဗက္ဂ္ေဟာ့စ္တို႔အစား ဂါနာခ်ိဳ၊ ပယ္လစၥထရီ၊ မိုင္ႏူးနဲ႔ အီလန္ဂါတို႔ကို ထည့္သြင္းကစားခဲ့ၿပီး တစ္ေယာက္ေလ်ာ့ ရက္ဒင္းတို႔အေပၚမွာ ေဘာလုံးပိုင္ဆိုင္မႈ ၇၉ ရာခိုင္ႏႈန္းအထိ ရယူထိန္းခ်ဳပ္သြားႏိုင္ခဲ့ၾကလို႔ ပြဲခ်ိန္ အျပည့္မွာေတာ့ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

အိုးလ္ထရက္ဒ္ဖို႔ဒ္မွာ လြယ္လြယ္ကူကူပဲ ဆင္ႏႊဲခဲ့တဲ့ ဒီေန႔ႏိုင္ပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ အက္ဖ္ေအဖလားရဲ႕ ပၪၥမအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကၿပီး ျပည္တြင္းဖလားႏွစ္လုံးကို ရယူဖို႔ အေျခအေနေကာင္းေနခဲ့သလို လာမယ့္အဆင့္မွာေတာ့ ဘယ္အသင္းနဲ႔ ေတြ႕ဆုံမလဲဆိုတာကို တနလၤာေန႔ မဲခြဲေရးဆြဲမႈအၿပီးမွာ သိရွိရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.